Release date : 2006-06-23
Production country :
Ireland, United Kingdom, Germany, Italy, Spain
Production company :
Sixteen Films, Matador Pictures, Regent Capital, Element Pictures, BiM Distribuzione, EMC, Tornasol Media, Fís Éireann/Screen Ireland
Durasi : 127 Min.
Popularity : 2
7.36
Total Vote : 830
အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့ အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။
Related Movies✨

1982

1995

1975

1951

2000

1994

1939

2004

1984

1959

1972
