Sexy Beast

Release date : 2000-09-13

Production country :
Spain, United Kingdom, United States of America

Production company :
Recorded Picture Company, Film4 Productions, Fox Searchlight Pictures, KanZaman Productions

Durasi : 89 Min.

Popularity : 2

6.99

Total Vote : 810

အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်… အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။