Seuls Two

Release date : 2008-06-25

Production country :
France

Production company :

Durasi : 94 Min.

Popularity : 1

5.10

Total Vote : 323

ဂျာဗစ်ဟာ ပါရီမြို့က ပြင်သစ်ရဲဌာနက စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကာတစ်ဆိုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းနေခဲ့တာ ၁၀ နှစ်လောက်ရှိသွားခဲ့ပါပြီ။ သူက လိုက်ဖမ်းလိုက် ကာတစ်က တစ်ပတ်ရိုက်ပြီး လစ်သွားလိုက်တဲ့ ဖြစ်နေခဲ့တာပါ။ တစ်နေ့မှာတော့ ကာတစ်ကို လိုက်ဖမ်းရင်း ပါရီတစ်မြို့လုံးက လူတွေပျောက်သွားတဲ့အဖြစ်နဲ့ ဂျာဗစ် ကြုံလိုက်ရပါတယ်။ ဂျာဗစ်လည်း မြို့အကြီးကြီး တစ်မြို့မှာ တစ်ယောက်တည်း ပျင်းရိစွာ ဖြတ်သန်းနေရင်း တစ်ယောက်တည်း ကျန်နေခဲ့တာမဟုတ်ဘူးလို့ ယုံကြည်လက်ခံထားပါတယ်။ဒီလိုနဲ့နေလာရင်း တစ်ရက်မှာတော့ ပါရီမြို့မှာ ကျန်နေခဲ့တာ သူ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ နောက်ကျန်နေခဲ့တဲ့ တစ်ယောက်ကတော့ သူ အမြဲတမ်းလိုက်ဖမ်းနေခဲ့တဲ့ ကာတစ် ဖြစ်နေပါတော့တယ်။ဒီလိုနဲ့ မြို့အကြီးကြီးတစ်မြို့မှာ နှစ်ယောက်တည်း ဖမ်းလိုက် ပြေးလိုက်နဲ့ စိန်ပြေးလိုက်တမ်းဆော့ရင်း ဘယ်လိုတွေကြုံတွေရမလဲဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှု့ရမယ် Comedy ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

Related Movies✨