A Bronx Tale

Release date : 1993-10-01

Production country :
United States of America

Production company :
Price Entertainment, Penta Entertainment, Tribeca Productions

Durasi : 121 Min.

Popularity : 15

7.88

Total Vote : 2,613

နာမည်ကျော်မင်းသားကြီးတွေဖြစ်ကြတဲ့ Robert De Niro, Chazz Palminteri, Joe Pesci တို့အပြိုင်အဆိုင် ပါ၀င်ထားကြတဲ့ဇာတ်ကားလေးပါ။ Bronx မှာနေတဲ့ Calogero ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ရပ်ကွက်ထဲက ဘ၀ကို ဇာတ်တည်ထားတာပါ။ Calogero ရဲ့အဖေက ရိုးရိုးသားသား ဘက်စကားမောင်းပြီး အသက်မွေး၀မ်းကြောင်းပြုနေပေမယ့် Calogero ကတော့ ရပ်ကွက်ထဲက ဂိုဏ်းခေါင်းဆောင် Sunny ကိုလေးစားအားကျနေမိပါတယ်။ Calogero လည်းအဖေဖြစ်သူရဲ့ ဖြောင့်မတ်ကြိုးစားဖို့ ဆုံးမစကားတွေနဲ့ Sunny ရဲ့ငွေကြေး အာဏာရမယ့်မက်လုံးတွေကြား လွန်ဆွဲရင်း ကြီးပြင်းလာပုံကို ကြည့်ရှုရမှာပါ။ ရင်ထဲထိပြီး သင်ခန်းစာတွေရမယ့် ဇာတ်ကားကောင်းလေးပါ။