Release date : 1978-09-13
Production country :
United States of America
Production company :
Paramount Pictures
Durasi : 94 Min.
Popularity : 2
7.50
Total Vote : 1,061
Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Goldenhour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက “magic hour ” လို့ ခေါ်ကြတဲ့အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကိုသုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ်အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက်ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်းလို့ ထိုင်ကြည့်ချင်သူတွေအကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။
Related Movies✨

2025

2013

2015

2013

1998

1950

1972

2000

2002

1972

1940
