Jawbreaker

Release date : 1999-01-30

Production country :
United States of America

Production company :
Crossroads Films, TriStar Pictures, Kramer-Tornell Productions, Film Kitchen

Durasi : 87 Min.

Popularity : 3

6.36

Total Vote : 543

နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီးအ ရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။ 1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါ တယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prankလုပ်ကြတာ ပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ကား ဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာမတော်တဆ လူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ…? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ…? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရောဘာဆက် ဖြစ်မှာလဲ…? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း မဆန်တာမို့ စိတ်ဝင်တစားကြည့်ရှုနိုင်ပါတယ်။