Release date : 2013-10-15
Production country :
Production company :
Durasi : 48 Min.
Popularity : 1
3.00
Total Vote : 4
Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက် ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။ အိမ်တွင်း အောင်းအမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ အန်ဒီ့ အစ်ကိုနဲ့အတူတူ ဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန်ကောင်းကောင်းမရရှာ ဘူးဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန် ကန်စတိုင်းဆီ သွားတွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်းရောင်မွန်းစတား လေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီးကိုယ် ကြိုက်တာကိုယ်လုပ်နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦးနော်