Release date : 1957-01-15
Production country :
Japan
Production company :
TOHO
Durasi : 108 Min.
Popularity : 4
7.92
Total Vote : 897
ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ တတိယခံတပ်လည်း ကျိုးပေါက်သွားတယ်။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။
Related Movies✨

1979

2022

1963

1991

2010

1988

1992

1975
