Siew Lup

Release date : 2017-02-23

Production country :
Singapore

Production company :
MM2 Entertainment

Durasi : 82 Min.

Popularity : 1

3.30

Total Vote : 6

မီယာဟာ တစ်ချိန်ကပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ ကွမ် ဆိုတဲ့ အသားကင်ဆိုင်ရှင်တစ်ယောက်ရဲ့ ဇနီးအဖြစ်ဘဝကို ဖြတ်သန်းနေပါတယ်။ ကွမ်ဟာ တစ်ချိန်က သူ့ကိုဘဝဆိုးထဲက ဆွဲထုတ်ကယ်တင်ခဲ့သူ ဖြစ်တဲ့အတွက် ကွမ်ကိုမလှန်ရဲသလို တောင့်တောင့်ဖြောင့်ဖြောင့် သူ့ဇနီးကို စိတ်မချနိုင်ပဲ လူတကာနဲ့ သမုတ်ရိုက်နှက်တတ်တဲ့ ကွမ် ကြောင့်လည်း မီယာစိတ်ဆင်းရဲနေရပါတယ်။ တကယ်တမ်း အနီးကပ်ရန်သူ၊ သူ့ဇနီးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူကတော့ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂေါင် ဆိုတာတော့ ကွမ်မသိခဲ့ပါဘူး။ ဒီလိုနဲ့ မီယာဘဝကို ကယ်တင်ရှင်အဖြစ် သုဘရာဇာချောချောလေးဖြစ်တဲ့ ဝူ ဆိုတဲ့လူငယ်လေး သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာတော့ မီယာဟာ လင်ငယ်အားကိုးနဲ့ တစ်ချိန်ကကျေးဇူးရှင် လင်ကြီးကိုသတ်ဖို့ အကြံဆိုးကြီးကို ကြံပါတော့တယ်။ ဝူတစ်ယောက် တကယ်ပဲသူ့ရဲ့ ကြံရာပါအဖြစ်ခံမလား၊ သူ့ကိုအမြဲတမ်းကြံစည်နေတဲ့ အနီးကပ်ရန်သူ ဂေါင်ကရော ဘယ်နေရာကနေ ပါဝင်လာမလဲ။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ဘယ်သူဟင်းအိုးထဲရောက်မလဲဆိုတာပါပဲ။ သူတို့အတွက် အလောင်းဖျောက်ဖို့ အလွယ်ဆုံးနည်းက အလောင်းကို ခုတ်ထစ်ကင်ပြီးတော့ ရောင်းမယ့်အသားတွေထဲ ထည့်လိုက်တဲ့နည်းဖြစ်နေလို့ပါ။