The Sum of All Fears

The Sum of All Fears

The Sum of All Fears

Release date : 2002-05-31

Production country :
Canada, Germany, United States of America

Production company :
Paramount Pictures, Mace Neufeld Productions

Durasi : 124 Min.

Popularity : 9

6.36

Total Vote : 1,770

အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ပြန်တုံ့ပြန်ဖို့ ပြင်ဆင်ပါ​တော့တယ်။ တစ်ဖက်က ရုရှား​တွေကလည်း အ​မေရိကန်​တွေ ထိုးစစ်ဆင်လာမှာသိတဲ့အတွက် ပြန်တိုက်ဖို့ပြင်ဆင်ရင်း နျူကလီးယားလက်နက်​တွေ ၂ဖက်လုံးထုတ်သုံးမယ့် အ​ခြေအ​နေထိဖြစ်လာခဲ့ပါတယ်။ ဒီ​နေရာမှာ ​ဘော်တီမိုးတိုက်ခိုက်မှုဟာ ရုရှား​​ရဲ့လုပ်ရပ်မဟုတ်ဘူးလို့ ယူဆသူက ​ဒေါက်တာဂျက်ရိုင်ယန်ပါ။ ဂျက်အ​နေနဲ့ ဒီအကြမ်းဖက်​ ဖောက်ခွဲမှုရဲ့ တရားခံအစစ်ကိုရှာရင်း ၂နိုင်ငံ စစ်ကြီးဖြစ်မယ့်အ​ရေး၊ ​နောက်ထပ်ကမ္ဘာစစ်ဖြစ်မယ့်အ​ရေးကို တားဆီးရဖို့ ဖြစ်လာပါ​တော့တယ်။