Release date : 2011-04-19
Production country :
Canada, United States of America
Production company :
Princessa Productions, Borden & Rosenbush Entertainment
Durasi : 90 Min.
Popularity : 2
6.00
Total Vote : 551
ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူတကွ ဖျော်ဖြေတာကို Broadway က နာမည်ကြီးဒါရိုက်တာက တွေ့ပြီး သဘောကျတဲ့အတွက် လူရွေးပွဲ ၀င်ပါဖို့ ကမ်းလှမ်းခံရပါတယ်။ Musical အသစ်မှာ ပါ၀င်သရုပ်ဆောင်မယ့် Star က သူအရမ်းကြိုက်တဲ့ Idol အမ်ဘာလီအာဒမ်စ်ပါတဲ့။ ရှာပေက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ Broadway ပြဇာတ်ရုံကြီးရှိတဲ့ နယူးယော့ခ်မြို့တော်ကြီးကို သွားချင်ပေမယ့် ဖခင်ဖြစ်သူက စိတ်မချပါဘူး။ သူ့သမီးအဆင်သင့်မဖြစ်သေးမှာကို စိုးရိမ်တာလည်းပါတာပေါ့။ ဖခင်သဘောတူအောင် အစစအရာအရာ စီစဉ်ပြပြီးတော့ ရှာပေက အပေးအယူတစ်ခုနဲ့ မိဘတွေရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အချိန်တစ်လရမှာဖြစ်ပြီး သူ့အစီအစဉ်မအောင်မြင်ခဲ့ရင် အိမ်ကိုပြန်လာပြီး သူ့အဖေအတွက် အလုပ်လုပ်ပေးဖို့ပါ။ ဒီလိုနဲ့ အပေးအယူလုပ်ပြီး Broadway မှာ လူရွေးပွဲဖြေဖို့သွားတဲ့အခါမှာတော့ သူထင်သလို ဒါရိုက်တာက သူ့ကို သရုပ်ဆောင်အနေနဲ့ လိုချင်တာမဟုတ်ဘဲ ခွေးလေးဘွိုင်ကို လိုချင်တာဖြစ်နေပါတယ်။
Related Movies✨

2009

2008

2008

1989

1954

2022

1934

1935

1944

2006
