Release date : 2022-10-28
Production country :
United States of America
Production company :
Durasi : 91 Min.
Popularity : 1
5.10
Total Vote : 7
“ကျွန်တော့်ကို အိပ်မက်တွေထဲကနေ လမ်းပြပေးပါ ကျွန်တော် ခင်ဗျားကိုပဲ အိပ်မက်မက်နေပါ့မယ်”တဲ့။ လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတွေမှာဆိုရင်အီတ လီနိုင်ငံ ဗင်းနစ်မြို့မှာ အခြေခံထားတဲ့ ဇာတ်လမ်းတွေကပိုလှပတတ်ကြတယ် ထင်ပါတယ်။ ဂီတာလေးတစ်လက်နဲ့ ရိုးရာသီချင်းတွေကို သီဆိုတတ်ပြီးနာမည် ကြီးသီချင်းတစ်ပုဒ် ထွက်ရှိထားတဲ့ အဆိုတော်မလေး ဂျိုစီဒေး နဲ့ မိခင်ရဲ့ အမှတ်တရရှိရာ အီတလီကို လာရင်း စာရေးဖို့ ကုန်ကြမ်းရှာတဲ့ စာရေးဆရာလေးဟာလ် ဖလင်းတို့ရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးကနေ လိပ်ပြာ လေးတွေကို ပျံစေခဲ့ပါသတဲ့။ နှစ်ယောက်သား နေ့တိုင်းလျှောက်လည်ကြရင်း အိမ်ပြန်ချိန်ဆို ဟာလ်က “ဒီနေ့အတွက်ကဗျာ” ဆိုပြီး ဂျိုစီကို ကဗျာတစ်ပုဒ်ရွတ်ပြတတ်သလို အဲဒီ ကဗျာလေးကိုပဲ ဂျိုစီက သီချင်းတစ်ပုဒ်အဖြစ် အသက်ပြန်သွင်းတတ်ပါတယ်။ ဒီတော့ အလှနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ အီတလီမှာ ဆုံမိကြတဲ့သူ နှစ်ယောက်ကို ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ ပုံဖော်ပေးထားတဲ့ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ပဲ။