Release date : 2021-04-16
Production country :
United States of America
Production company :
AMP International, Eyevox
Durasi : 98 Min.
Popularity : 1
5.78
Total Vote : 122
အန်းက မြို့ငယ်လေးတစ်မြို့က ခရစ်ယာန်ဘုန်းတော်ကြီး ဂျေကော့ဘ်နဲ့ လက်ထပ်ထားတဲ့အမျိုးသမီးတစ်ယောက်။ သူ့အိမ်ထောင်သက် အနှစ် ၃၀ လုံး အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် ဖြတ်သန်းလာခဲ့ပြီး သူ့ကိုယ်ပိုင်ဆန္ဒဆိုတာတွေကိုတောင် မေ့သွားတဲ့သူပေါ့။ တစ်နေ့တော့ မြို့လေးကိုပြန်လာတဲ့ သူ့ငယ်ဘဝကရည်းစားဟောင်းနဲ့ သွားတွေ့ပြီးပြန်ရောက်လာကတည်းက သူ့ပုံစံတွေဟာမူမမှန်ဖြစ်လာခဲ့ပါတယ်။ သူ့ကိုယ်ထဲကသူမဟုတ်တဲ့သူက ထိန်းချုပ်နေသလိုပါပဲ။ ဒါပေမဲ့ အဲ့ကနေလည်း ကြီးမားတဲ့စွမ်းအားတွေကို ခံစားနေရပြီးလက်မလွှတ်ချင်ဖြစ်ပြီး အန်းဟာစိတ်ဒွိဟဖြစ်နေခဲ့ပါတယ်။အဲ့လိုနဲ့ ဂျေကော့ဘ်က သတိထားမိလာပြီး နောက်ဆုံးသူ့မိန်းမအထဲမှာဝင်ပူးနေတဲ့ အရာကိုတိုက်ထုတ်ဖို့အတွက်ဖြစ်လာရပါတော့တယ်။ သူတို့လင်မယားနှစ်ယောက် ဒီအရာကြီးကိုတိုက်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်၊ အသဲတယားယားနဲ့ကြည့်ရမှာပါ။