Blue Velvet

Release date : 1986-09-19

Production country :
United States of America

Production company :
DEG

Durasi : 120 Min.

Popularity : 5

7.60

Total Vote : 3,485

ဖခင်ဖြစ်သူ ရုတ်တရက်လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်းလိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူမမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။တကယ်တမ်းတွေးကြည့်ရင်တော့ ‘Blue Velvet’ ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန်မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်းထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီးအမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံးသာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရောသတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန်ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ်ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကားလို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။