Robin Hood: Men in Tights

Release date : 1993-07-28

Production country :
France, United States of America

Production company :
Gaumont, Brooksfilms, 20th Century Fox

Durasi : 104 Min.

Popularity : 3

6.60

Total Vote : 2,122

ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့ အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထား တာခံရပြီး သော့ပျောက်လို့ ငါးပါးမှောက်နေတာပါ။ အဲဒီမှာ ထုံးစံအတိုင်း အကျင့်မကောင်းတဲ့ မင်းသားတစ်ကောင်နဲ့ ရော်ဘင်ဟုဒ်တို့ မင်းသမီးလေးကိုရဖို့ အပြိုင်လုပ်ရင်း မမြင်အပ်နေရာ ခတ်တော်မူသော ဂွကျလှတဲ့ သော့တော်ကြီးကို ဘယ်လိုသောက်တလွဲတွေနဲ့ ဖွင့်ကြမလဲ ရှုစားရမှာပါ။ Parody ကားဆိုတော့ သောက်တလွဲမျိုးစုံလုပ်ပြနေတာမို့ ကလိ ထိုးပြီးရယ်ခိုင်းနေမှာဖြစ်တဲ့အတွက် တော်တော်တော့ရယ်ရပါတယ်။ တစ်ချက်ပြုံးရင်း တစ်ရက်အသက်ပိုရှည်နိုင်ဖို့ တင် ဆက်ပေးလိုက်ပါတယ်။