Release date : 1995-12-15
Production country :
United States of America
Production company :
TriStar Pictures, Interscope Communications, Teitler Film, PolyGram Filmed Entertainment
Durasi : 104 Min.
Popularity : 4
7.24
Total Vote : 10,764
ဇာတ်လမ်းရဲ့အစမှာ ကောင်လေးနှစ်ယောက်က သစ်တောကြီးထဲမှာ တစ်ခုခုကိုမြုပ်နှံဖို့ကြိုးစားနေပါတယ်။ သူတို့မြုပ်နှံမယ့်အရာကဘာလဲဆိုတာကတော့ ကျွန်တော်တို့အားလုံးသိကြတဲ့ Jumanji လို့ခေါ်တဲ့ကစားနည်းစာအုပ်ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အယ်လန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ Jumanji လို့ခေါ်တဲ့ ကစားနည်းစာအုပ်ကို ရှာတွေ့ခဲ့ပါတယ်။ အိမ်ကိုယူသွားပြီးတော့ သူ့သူငယ်ချင်းကောင်မလေးဖြစ်တဲ့ ဆာရာနဲ့ဆော့ဖို့တိုင်ပင်နေတုန်းမှာ ဆာရာက Jumanji ထဲမှာပါတဲ့ အံစာတုံးနှစ်တုံးကို အမှတ်တမဲ့ပစ်ချလိုက်ရာကနေ ကစားနည်းဟာအသက်ဝင်သွားပါတော့တယ်။ Jumanji ရဲ့စည်းကမ်းချက်ကတော့ စဆော့မိပြီဆိုရင် ပြီးဆုံးသည်တိုင်အောင်ဆော့ရပါမယ်တဲ့။ အယ်လန်ဆိုတဲ့ကောင်လေးက အံစာတုံးခေါက်လိုက်မိနေရာကနေ နံပတ် ၅ဒါမှမဟုတ် နံပတ် ၈ ကို တစ်ခြားတစ်စုံတစ်ယောက်က မခေါက်မိမချင်း တောထဲမှာနေရပါမယ်တဲ့။ ဆာရာကတော့ထွက်ပြေး သွားပြီးတော့ နောက်နှစ်အနည်းငယ်အကြာမှာ အဲ့အိမ်ကိုတစ်စုံတစ်ယောက်ရဲ့ မိသားစုတွေကပြောင်းလာပါတယ်။ အဲ့မှာ အဲ့မိသားစုက မောင်နှမနှစ်ယောက်က ထိုကစားနည်းကိုဆက်ကစားပြီးတော့ အယ်လန်ကို ပြန်ခေါ်လိုက်မိပါတယ်။
Related Movies✨

1994

1985

1951

1968

2010

1981

2008

1989

2002
