Chokehold

Release date : 2023-04-21

Production country :
Turkey

Production company :
Ay Yapım

Durasi : 112 Min.

Popularity : 1

5.60

Total Vote : 59

ဇာတ်လမ်းအကျဉ်းကတော့ ရာလင်းတို့လင်မယားနှစ်ယောက်ဟာ အစ္စတန်ဘူလ်ကနေ အက်စ်ဆော့စ်မြို့လေးကို ဘဝသစ်တစ်ခုစတင်ဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ တကယ်တော့ ရာလင်းဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဒေဝါလီခံလိုက်ရတဲ့အတွက် ခဏလာရှောင်နေတာပါ။ ရာလင်းကို သတ်ပစ်ချင်နေတဲ့ ငွေတွေဆုံးရှုံးလိုက်ရတဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ အများကြီးပါပဲ။ ဒီလိုနဲ့ ရာလင်းတို့လင်မယားနှစ်ယောက်ဟာ မြို့သစ်လေးမှာ အခြေချရင်းအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပေါ့။ တစ်နေ့မှာတော့ ရာလင်းက သူငယ်ချင်းတွေကိုလက်ဆောင်ပေးဖို့အတွက် ပစ္စည်းလိုက်ရှာရင်း ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင်ကို ရောက်သွားခဲ့ပြီး အဲဒီကလူတစ်ယောက်နဲ့ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရာလင်းဟာ အခုနေတဲ့မြို့လေးမှာလည်း သူ့ကိုသတ်ချင်နေတဲ့လူတွေ အများကြီးရှိတယ် ဆိုတာကို သိလိုက်ရပါတော့တယ်။ အဲဒီတော့ ရာလင်းဟာ သူ့ကိုသတ်ချင်နေတဲ့ လူတွေကြားထဲမှာ ရှေ့ဆက်ဘယ်လိုနေထိုင်မလဲ။ သူ့အတွက် ဘယ်လိုအန္တရာယ်တွေက ဆီးကြိုနေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Related Movies✨