Detective Dee and Deadly Fragrance

Release date : 2022-05-22

Production country :
China

Production company :

Durasi : 82 Min.

Popularity : 0

0.00

Total Vote : 0

ဇာတ်လမ်းအကျဉ်းကတော့ Luoyang မြိုထဲမှာ မတရားစွပ်စွဲပြီး ခေါင်းဖြတ်ခံရတဲ့ An Yu ဆိုတဲ့ မိန်းကလေးတစ်ယောက်က သရဲအဖြစ်အနေနဲ့ လူတော်တော်များများကို လိုက်လံသတ်ဖြတ်နေတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့အချိန်မှာ Dee Ren Jie ကိုနယ်နှင်ဒဏ်ခံရတဲ့အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ဒီအမှုကို လိုက်လံစုံစမ်းဖိုခွင့် ပြုလိုက်တဲ့အချိန်မှာတင် Dee Ren Jie ကိုမကျေနပ်တဲ့ အုပ်စုက သတ်ပစ်ဖိုကြိုးစားပါတော့တယ်။ တချိန်တည်းမှာဘဲ Lv Zhaoyuan ဆိုတဲ့လူကတော့ ပျောက်ဆုံးသွားတဲ့ဇနီးကိုရှာဖို့ မြိုတော်ဆီလာနေရင်း လမ်းမှာလူသတ်သမားတွေကြောင့် ချောက်ကမ်းပါးကနေ ပြုတ်ကျသွားတဲ့ Dee Ren Jie ကိုကယ်တင်ပေးခဲ့တယ်။ ကံမကောင်းစွာနဲ့ Dee Ren Jie ကအတိတ်မေ့သွားခဲ့တယ်။ ဒီလိုနဲ့ အကြောင်းရင်း တိုက်ဆိုင်လာတဲ့အချိန် နှစ်ယောက်လုံး လူချင်းလဲလိုက်တဲ့အချိန်မှာတော့ ကဲဒီတော့ ဇနီးပျောက်လိုရှာနေတဲ့ Lv Zhaoyuan က ရူပ်ထွေးလှတဲ့ အမှုကြီးမှာဝင်ပါသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ? Dee Ren Jie ကတော့သူ့မှတ်ဉာဏ်ပြန်ပေါ်လာမလား? စတဲ့မေးခွန်းပေါင်းများစွာရဲ့ အဖြေတွေကိုသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရူလိုက်ရအောင်