Release date : 2022-12-30
Production country :
Vietnam
Production company :
Studio68
Durasi : 109 Min.
Popularity : 1
6.60
Total Vote : 59
ဘီဟာ ပြည့်တန်ဆာဖြစ်သူ သူ့အမေနဲ့နှစ်ယောက်တည်း ဘဝကို ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကျော်ဖြတ်နေသူလေးပေါ့။ တစ်နေ့မှာတော့ ဘီအိမ်မှာတစ်ယောက်တည်းရှိနေတဲ့အချိန် သူ့အမေရဲ့ ဖောက်သည်တစ်ယောက် ရောက်လာခဲ့ပြီး ဘီကိုအဓမ္မကျင့်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူ့အမေပြန်ရောက်လာပြီး သားအမိနှစ်ယောက် အတူခုခံကြရင်း ဘီရဲ့အမေသေဆုံးသွားခဲ့ပါတယ်။ အဲဒီတော့ ဘီတစ်ယောက်တည်းထွက်လာခဲ့ပြီး မြို့ပေါ်မှာ ခါးပိုက်နှိုက်လိုက် ဈေးရောင်းလိုက်နဲ့ သူ့ဘဝကို တစ်ယောက်တည်းရုန်းကန်နေရတော့တာပေါ့။ တစ်ညမှာတော့ သူ့ကို နယ်မြေခံလူမိုက်တွေက ဝိုင်းရိုက်နေတဲ့အချိန်မှာ လင်းဆိုတဲ့မိန်းမတစ်ယောက်ရောက်လာခဲ့ပါတယ်။ ဘီဟာ သွားစရာနေစရာမရှိတော့ လင်းနဲ့အတူလိုက်သွားပြီး လင်းရဲ့အိမ်ကိုရောက်တဲ့အခါ ဟုန်နဲ့ ထန်ရာဆိုတဲ့ ကောင်မလေးနှစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ သူတို့တွေမှာလည်း နာကျင်စရာအတိတ်ဆိုးတွေနဲ့ပေါ့။ လင်းဟာ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို သူနေတဲ့နေရာကိုခေါ်လာပြီး ကိုယ်ခံပညာလေ့ကျင့်ပေးကာ မိန်းကလေးတွေကိုပြန်ပေးဆွဲပြီး ပြည့်တန်ဆာအိမ်တွေကိုရောင်းစားနေတဲ့ဂိုဏ်းတစ်ခုကို လက်စားချေချင်နေတာပါ။
Related Movies✨

2014

2014

1973

2014

2007

2014

2005

1954

2024
