Release date : 2025-04-06
Production country :
United States of America
Production company :
HBO
Durasi : 48 Min.
Popularity : 48.6309
7.61
Total Vote : 1096
ဇာတ်အိမ်ကတော့ ဟာဝိုင်အီက White Lotus ဆိုတဲ့ ဇိမ်ခံဟိုတယ်ကြီးကို လာတည်းကြတဲ့ အထက်တန်းလွှာ လူတန်းစား အချို့နဲ့ ဟိုတယ် ဝန်ထမ်းတွေအကြား ပြသနာလေးတွေ တစ်စတစ်စ တိုးပွားလာရာကနေ လူသတ်မှုအထိ ဖြစ်လာစေခဲ့ပုံကို ရိုက်ပြထားတာပါ။ အဓိက ဇာတ်ကောင် ဆယ်ယောက်ပါပြီး အကုန်လုံးက ဇာတ်လိုက်တွေပါ။ ဘယ်သူမှ ဗီလိန်ရယ်၊ ဇာတ်ဆောင်ရယ်လို့ မပါပဲ ဇာတ်ကောင် အားလုံးဟာ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လူသားဆန်တဲ့ ဇာတ်ကောင်တွေ ဖြစ်နေခြင်းဟာ ဒီစီးရီးရဲ့ အကောင်းဆုံးအချက်ပါပဲ။ စီးရီးထဲမှာ လူတန်းစား ကွာဟလွန်းမှုတွေ ၊ မိဘနဲ့သားသမီး၊ သူငယ်ချင်း၊ သမီးရည်းစား ဆက်ဆံရေးကိစ္စ တွေကို စီးရီးရဲ့ ဒါရိုက်တာလဲဖြစ် ၊ စာရေးသူလဲဖြစ်တဲ့ Mike White က ခေတ်အခြေနေနဲ့ ထင်ဟပ်နိူင်အောင် ရိုက်ပြထားတဲ့ အတွက် နှစ်ခေါက် သုံးခေါက်ပြန် ကြည့်တာတောင် မပျင်းရတဲ့ စီးရီးပါ။ dark comedyမို့ တွေးပြီးရီရမယ့် ဟာသတွေလဲ အများကြီးပါပဲ။ လူကြီးလူငယ်မရွေး ကြည့်သင့်တဲ့ စီးရီးဆိုပေမယ့် soft core sex scene , nude scene တွေ၊ ပွင့်လင်းလွန်းတဲ့ အသုံးနှုန်းတွေ၊ မူးယစ်ဆေး သုံးစွဲတဲ့ sceneတွေ ကြောင့် ၁၈နှစ်အောက်ကလေးတွေ ကြည့်ရှုဖို့မသင့်တော် ပါဘူး။
Related Movies✨

1999

1985

1964

2004

1975

1984

2003

2003

1987

2001
