Ginny & Georgia

Release date : 2025-06-05

Production country :
United States of America

Production company :
Netflix

Durasi : 59 Min.

Popularity : 151.2006

8.07

Total Vote : 1625

ဒီစီးရီးရဲ့ အဓိက မင်းသမီး နှစ်ယောက်ကတော့ နာမည်ထဲက အတိုင်းပါပဲ ဂျင်နီ နဲ့ ဂျော်ဂျီရာပါ။ ဂျော်ဂျီရာဟာ ဂျင်နီကို ၁၅ နှစ်အရွယ်မှာ မွေးခဲ့တာ ဖြစ်ပြီး ဒီဇာတ်လမ်းအစမှာ ဂျင်နီဟာလည်း ၁၅ နှစ်အရွယ်ကို ရောက်လာပါပြီ။ ဂျင်နီကတော့ အေးအေးဆေးဆေး လေးလေးနက်နက်နေချင်တဲ့ဆယ်ကျော် သက်ကောင်မလေး ဖြစ်ပြီး သူ့အမေ ဂျော်ဂျီရာကတော့ ဖလန်းဖလန်းထ အသေလန်း တွေ့သမျှလူငေး အချိန်တိုင်း အခွက်ပြောင်နေတဲ့ အမေမျိုး ဖြစ်နေပါတယ်။ ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်ထပ်ရရင်း တစ်မြို့ပြီးတစ်မြို့ပြောင်းနေရင်း နောက်ဆုံးတော့ ဝဲစ်ဘယ်ရီ မြို့မှာ အခြေချနေဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့အိမ်အသစ်ရှေ့က အိမ်နီးချင်းမိသားစုကလည်း စိတ်ဝင်စားစရာပါပဲ။ မောင်နှမ နှစ်ယောက်မှာ အစ်ကိုက ဂျစ်ကန်ကန် လူဆိုး၊ ညီမက ပြောင်စပ်စပ်နဲ့ လက်စ်ဘီယံပေါ့။ ဂျင်နီက လက်စ်ဘီယံနဲ့ ဘော်ဘောတွေဖြစ်ပြီး သူ့အစ်ကို လူဆိုးနဲ့ကျ ဇယားရှုပ်မိသွားတယ်။ ဒါပေမယ့် ဂျင်နီကို လာကပ်တဲ့ကောင်လေးကတော့ အတန်းထဲက အဆိုတော်၊ စာတော်၊ လိမ္မာ စော်ကြည်ဘဲလေး ဖြစ်နေပြန်တော့ ရွေးရခက်သွားပြန်တယ်ပေါ့။လူငယ်ပြဿနာပဲလားဆိုတော့ ဂျော်ဂျီရာရဲ့ ပြဿနာကလည်းမသေးပါဘူး။