Release date : 2006-08-27
Production country :
United States of America
Production company :
HBO
Durasi : 55 Min.
Popularity : 31.7648
8.12
Total Vote : 846
၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့ အထူးစည်ကားခဲ့ပြီး လူဦးရေဟာ ၂၅၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ၁၀၀၀ ကျော်ပဲနေထိုင်သူရှိပါတော့တယ်။ ဇာတ်လမ်းမှာတော့ ဒတ်ဝုဒ်မြို့ဝန်းကျင်ကို ရွှေရှာဖို့၊ ကြီးပွားရာကြီးပွားကြောင်းရှာဖို့လာကြသူတွေ၊ အဲ့လူတွေအပေါ် ရိုက်စားလုပ်မယ့် စီးပွားရေးသမား၊ အရောင်းအဝယ်သမား၊ စားသောက်ဆိုင်ပိုင်ရှင်၊ တည်းခိုခန်းဆောင်ကြာမြိုင်ပိုင်ရှင်တွေ၊ ရာဇဝတ်သားတွေ၊ အင်ဒီးယန်းလူရိုင်းတွေ၊ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကို western drama ရသအပြည့်ရအောင် ထည့်သွင်းတင်ဆက်ထားပြီး အဆိုပါကာလမှာရှိခဲ့တဲ့ အမေရိကန်ပြည်သူတွေရဲ့ နေ့စဥ်လူမှုဘဝတစ်စိတ်တစ်ပိုင်းကိုလည်း ဝင်ရောက်ခံစားကြရမှာပါ။
Related Movies✨

2015

2014

1955

2002

2009

1960

2014

2011

2022

1979

2014
