Release date : 2014-07-17
Production country :
South Korea
Production company :
SBS
Durasi : 60 Min.
Popularity : 5.3466
7.95
Total Vote : 19
မတူညီတဲ့ကျောထောက်နောက်ခံတွေ၊ မတူညီတဲ့အိမ်မက်တွေ၊ မတူညီတဲ့အကျင့်စရိုက်တွေရှိကြတဲ့ စုံထောက်အသစ်လေး လေးဦးဟာ ဂန်းနမ်ရဲစခန်းရဲ့ aceဖြစ်တဲ့ မှုခင်းဌာန အဖွဲ့ ၃မှာ တွေ့ဖို့ဖြစ်လာခဲ့ကြပါတယ်။ အမှန်တော့ မှုခင်းဌာနအဖွဲ့ ၃ဟာ သူတို့စိတ်ကူးထားတဲ့ လုပ်ငန်းခွင်လေးတော့မဟုတ်ခဲ့ပါဘူး။ လစာများများရလို့ လာတဲ့သူ၊ မသေခင် ဂန်းနမ်မှာနေဖူးချင်လို့ လာတဲ့သူ၊ ကိုယ့်ဟာကိုယ် ဘာကြောင့်လာလာပေါ့ ဆိုတဲ့သူနဲ့ အရမ်းကို chaotic ဖြစ်တဲ့အဖွဲ့လေးပါ။ သူတို့အဖွဲ့ရဲ့ အဖွဲ့မှူးကတော့ legendary စုံထောက်တစ်ဦးဖြစ်တဲ့ ဆောဖန်းဆော့ (Cha Seung Won)ပဲဖြစ်ပါတယ်။ ဆောဖန်းဆော့မသိတဲ့အရာကတော့ လွန်ခဲ့တဲ့ ၁၁နှစ်က သူတာဝန်ယူခဲ့တဲ့ မာဆန်းသူနာပြုဆရာမအသတ်ခံမှုရဲ့ နစ်နာသူဖြစ်သူရဲ့သားဟာ သူ့အဖွဲ့ထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့ ၃ဟာ အစပိုင်းမှာ ကတောက်ကဆလေးတွေရှိခဲ့ပေမဲ့ ရာဇဝတ်မှုတွေကို teamwork ကောင်းကောင်းနဲ့ အတူတူရင်ဆိုင်ဖြေရှင်းကြပြီးတော့လွန်ခဲ့တဲ့ ၁၁နှစ်က အမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုပါ ဖော်ထုတ်ကြမှာဖြစ်ပါတယ်။